ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်

အအေးမိ၊ တုပ်ကွေး ဒါမှမဟုတ် တခြားအခြေအနေတွေကြောင့် ဖြစ်တဲ့ ချောင်းဆိုးဝေဒနာသက်သာစေဖို့ ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်ကို သုံးနိုင်ပါသလား။
သုံးနိုင်ပါတယ်။
ချောင်းဆိုးဝေဒနာ မသက်သာခင် ချယ်ရီကော့ဖ်ချောင်း ဆိုးပျောက် ဆေးရည်ကို ဘယ်လောက်ကြာကြာ သောက်သုံးဖို့ လိုအပ်ပါသလဲ။
ဆေးသောက်သူတွေက သူတို့ခံစားနေရတဲ့ ဝေဒနာ လက္ခဏာတွေ တိုးတက်မှုမမြင်တွေ့ရခင် တစ်ရက် ကနေ အများဆုံး တစ်ပတ်အထိ သောက်သုံးရတယ်လို့ ဆိုပါတယ်။ ဒီအကြိမ်ရေက လူနာရဲ့ အခြေအနေအပေါ်မူတည်ပြီး ဘယ်လိုသောက်ရမလဲဆိုတာ ကွဲပြားနိုင်ပါတယ်။ နောက်ထပ်အကြံဉာဏ်ရဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။
References : https://www.tabletwise.com/chericof-syrup
ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်ကို ဘယ်နှကြိမ်လောက် သောက်သုံးဖို့ လိုအပ်ပါသလဲ။
ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည် သောက်သုံးမှု အများဆုံး အကြိမ်က တစ်နေ့ သုံးကြိမ် ဖြစ်ပါတယ်။ ချယ်ရီကော့ဖ်ချောင်းဆိုးပျောက် ဆေးရည်ကို ဘယ်လောက်ကြာကြာလိုအပ်သလဲဆိုတာ သင့်ဆရာဝန် ရဲ့ အကြံပြုချက်ကို လိုက်နာပေးပါ။
ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည် သောက်သုံး နေချိန်မှာ အန္တရာယ်ရှိတဲ့ စက်ပစ္စည်းတွေ ကိုင်တွယ်ဖို့ ဒါမှမဟုတ် ကားမောင်းဖို့ စိတ်ချရပါသလား။
ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်မှာ ပါတဲ့ အင်တီဟစ္စတမင်း(ကလော်ဖီနရာမင်း)က စိတ်တက်ကြွမှုကို လျော့ကျစေနိုင်ပါတယ်။ လူနာတွေအနေနဲ့ အန္တရာယ်ရှိတဲ့ စက်ပစ္စည်းတွေကိုင်တွယ်ခြင်း ဒါမှမဟုတ် ကားမောင်းခြင်း စတဲ့ အပြုအမူတွေ လုပ်ဆောင်ရာမှာ ဂရုစိုက်သင့်ပါတယ်။
ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်ကို စွဲလမ်းမှု ဖြစ်ပေါ်နိုင်ပါသလား။
ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည်က ဘိန်းမပါတဲ့ ချောင်းဆိုးပျောက်ဆေး ဖြစ်ပါတယ်။ ဘိန်းပါတဲ့ ချောင်းဆိုးပျောက်ဆေးတွေမှာ တွေ့ရတဲ့ စွဲလမ်းတာ၊ မှိန်းသွားတာနဲ့ အသက်ရှူလမ်းကြောင်းကို ငြိမ်သက်သွားစေတဲ့ စတဲ့ သက်ရောက်မှုတွေ မရှိပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ ချယ်ရီကော့ဖ် ချောင်းဆိုးပျောက်ဆေးရည် သောက်ဖို့ စိတ်ချရပါသလား။
တကယ်လိုအပ်တယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ချယ်ရီကော့ဖ်ချောင်းဆိုးပျောက်ဆေးရည် မှီဝဲသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် မိခင်နို့ချို တိုက်ကျွေးချိန်အတွင်း ဘာဆေးမှမသောက်ခင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းတိုင်ပင်ပါ။