ချယ်ရီကော့ဖ် ဖလူပလပ်စ်

ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့်မှာ ဘာတွေ ပါဝင်ပါသလဲ။
ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့်မှာ ကလော်ဖီနရာမင်းမဲလိတ်၊ ပါရာစီတမောနဲ့ ဖီနိုင်းအက်ပီ နက်ဖရင်းဟိုက်ဒရိုဘရိုမိုက်တို့ ပါဝင်ပါတယ်။ ရေရှည် အာနိသင်ပြဖို့အတွက် ပေါင်းစပ်ထုတ်လုပ်ထားတာပါ။ ဆေးတောင့်တစ်တောင့်သောက်ရင် အချိန် ၁၂ နာရီ ကြာ ရေရှည် သက်သာနိုင်ခြေ ရှိပါတယ်။
ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့်ကို ဘာအတွက် သုံးသင့်ပါသလဲ။
ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့်ကို အအေးမိခြင်း (နှာချေခြင်းနဲ့ ချောင်းဆိုးခြင်း)ဝေဒနာ လက္ခဏာတွေ ကုသဖို့အတွက် သုံးပါတယ်။
ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့်ကို ဘယ်လိုသောက်နိုင်ပါသလဲ။
အချိန် ၁၂ နာရီကြာတိုင်း(တစ်နေ့ နှစ်ကြိမ်) ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့် တစ်တောင့် သောက်သုံးနိုင်ပါတယ်။
ကလေးတွေက ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့်ကို သောက်သုံးနိုင်ပါသလား။
အသက် ၁၂ နှစ်အောက် ကလေးတွေမှာ ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက်ဆေးတောင့်ကို မှီဝဲဖို့ မသတ်မှတ်ထားပါဘူး။
ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့် သောက်သုံးတဲ့အခါ ကားမောင်းဖို့ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ စက်ပစ္စည်းတွေကို ကိုင်တွယ်ဖို့ ဘေးကင်းစိတ်ချရပါသလား။
ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက် ဆေးတောင့် သောက်ထားရင် ကားမမောင်းပါနဲ့၊ စက်ပစ္စည်းတွေကို အသုံးမပြုပါနဲ့။ ဆေးကြောင့် အိပ်ငိုက်တာ၊ မူးတာ၊ အမြင်ဝေဝါးတာနဲ့ အသိစိတ်နိုးကြားမှု လျော့နည်းတာတို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကားမောင်းနိုင်စွမ်းနဲ့ စက်ပစ္စည်း အသုံးပြုနိုင်စွမ်းကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ချယ်ရီကော့ဖ်တုပ်ကွေးဖျားနာ ပျောက်ဆေးကို သောက်ဖို့ စိတ်ချရပါသလား။
သင့်ဆရာဝန်က ချယ်ရီကော့ဖ် တုပ်ကွေးဖျားနာပျောက်ဆေးကို မသောက်မဖြစ် သောက်သင့်တယ်လို့ ညွှန်းမှသာ သောက်သုံးပေးပါ။